Friday, November 18, 2011

skin tone tutorial part I

ကျွန်တော်တို့ ဓါတ်ပုံရိုက်ပြီးတဲ့ အခါ photoshop မှာ skin tone retouch လုပ်တဲ့နည်းလေးကို ကျွန်တော် သိသလောက်လေးရေးသွားပါ့မယ်...

1... smoothing with blur.
နံပါတ်တစ်နည်းကတော့ Filter>Blur>Gaussian Blur ကို အသုံးပြုပြီး smoothing လုပ်တဲ့နည်းပါ... ဒီနည်းကတော့ အလွယ်သုံးတဲ့နည်းလို့ပြောရင်ရပါတယ်... လုပ်ရမှာက... skin tone ပြင်မဲ့ပုံကို photoshop ထဲမှာဖွင့် ပြီးရင် clt + J နဲ့ layer ကိုပွားထား.. ပြီးရင် ပွားထားတဲ့အပေါ်က layer ကို select မှတ်.. ပြီးရင် Filter>Blur>Gaussian Blur ကိုသုံး၊ gaussian blur သုံးတဲ့အခါမှာ amount ကိုခပ်နည်းနည်းပဲသုံးပါ... အရမ်းများရင်လည်း မကောင်းဘူး.. နည်းရင်လည်းမကောင်းဘူး.. မိမိဘာသာ ချိန်ယူရမှာဖြစ်ပါတယ်...း) gaussian blur သုံးပြီးရင် ပုံတစ်ပုံလုံးဝါးသွားမှာဖြစ်ပါတယ်.. ကျွန်တော်တို့လုပ်ချင်တာက ပုံဝါးချင်တာမဟုတ်ဘူး အသားအရေလေးတွေကို ချောသွားအောင်လုပ်ချင်တာ.. ဆိုလိုတာက gaussian blur ကိုသုံးလိုက်ချင်းအားဖြင့် လူရဲ့အသားအရေက ချွေးပေါက်တွေ အစက်အပျောက်တွေကို ၀ါးပြစ်ပြီးဖျောက်တဲ့သဘောပါ.. အဲဒီတော့ ကျွန်တော်တို့ ၀ါးပစ်လိုက်ချင်တာက အသားအရေပါပဲ ကျန်တဲ့ မျက်လုံး မျက်ခုံး ဆံပင်စတဲ့ အစိတ်အပိုင်းတွေမပါပါဘူး အဲဒီတော့ ကျွန်တော်တို့ မပါချင်တဲ့အပိုင်းတွေကို layer mask ကို အသုံးပြုပြီး ဖယ်ပြစ်ရပါမယ်... layer mask ကိုအသုံးပြုဖို့ lay pallette ရဲ့အောက်ဆုံးက တတိယမြောက် button ( လေးထောင့်အမဲလေးထဲကအဖြူဝိုင်းလေး) ကိုနှိပ်ပါ.. မိမိ select မှတ်ထားတဲ့ layer ဘေးမှာ အဖြူလေးထောင့်ကွက်လေးပေါ်လာပါလိမ့်မယ်... အဲဒီအခါကျမှ brush tool (shortcut - b ) ကို နှိပ်ပြီးရွေးပါ.. ပြီးလျှင် အမဲရောင်ရွေးပါ.. soft mechanical brush (အနားဖွာတဲ့ brush) ရွေးပါ.. ပြီးရင် အပေါ်မှာရှိတဲ့ tool Option Bar ထဲမှာ opacity ကို ၄၀% လောက်ရွေးပါ... နောက်ဆုံးအဆင်အနေတဲ့ ရွေးထားတဲ့ brush နဲ့ ကိုမ၀ါးချင်တဲ့ ပုံရဲ့ အစိတ်အပိုင်းတွေကိုလိုက်ချယ်လိုက်ပါ....း)

2. smoothing with high pass filter
ဒီနည်းကတော့ အရှေ့ကလိုပဲ ပုံဖွင့် layer ပွား ပြီးရင် Filter>Other>High Pass filter ကိုရွေးရပါမယ်... high pass filter ရဲ့ radius amount ကိုတော့ ကျွန်တော်က 1.8 ကနေပြီး 4.0 လောက်ထိ သုံးပါတယ်... အဲဒီ amount ကတော့ မိမိပုံတဲ့အဆင်ပြေသလိုသုံးရမှာပါပဲ... ပြီးရင် ok နှိပ်ပါ... နောက်တစ်ဆင့်က clt + I သို့ Image>Adjustments>Invert ကိုရွေးပေးရပါမယ်... ပြီးရင် layer blending option ထဲမှာ overlay ကိုရွေးပေးရပါမယ်...း) သူကလည်းပြောရရင်ပုံကိုဝါးနည်းတစ်မျိုးပါပဲ.. တကယ်လို့သာ high pass သုံးပြီး clt+I မနှိပ်ခဲ့ဘူးဆိုရင်တော့ မ၀ါးပဲ sharp ပိုဖြစ်ပြီ skin tone ပိုပြီးကြမ်းသွားမှာဖြစ်ပါတယ်... (၀က်ခြံတွေဘာတွေပိုပေါ်ချင်တဲ့အခါမျိုးမှာသုံးပေါ့)း) ... နောက်ဆုံးအဆင့်ကတော့ အပေါ်ကလိုပဲ မလိုချင်တဲ့အပိုင်းတွေကို layer mask အသုံးပြုပြီး ဖျက်ထုတ်ပြစ်ရမှာဖြစ်ပါတယ်..

3. Smoothing with ready make filter
ဒါကတော့ အလွယ့်တကာ့ အလွယ်ဆုံးနည်းပါပဲ... online မှာရှာကြည့်လိုက်ပါ... Noiseware Professional သို့ Noiseware Ninja သို့ .... စတဲ့skin tone ready make plug in တွေဒေါင်းပြီးသုံးတဲ့နည်းပါ...း) အောက်မှာ noiseware ရဲ့ plug in ဒေါင်းလုပ်လင့်ပါ..
download link of Noiseware plug in http://www.mediafire.com/?7jkb2vr7zmm
နောက်ပိုင်းမှာ skin tone နဲ့ပါတ်သက်တဲ့ တခြား tutorial လေးတွေလည်း တင်ပေးသွားပါမယ်...း)

2 comments:

  1. သိပ်မသုံးတတ်သေးပါဘူး
    လေ့လာနေတုန်းပါဘဲ...
    အချိန်ကလည်းသိပ်မရတော့
    ဒီလိုတင်ပေးတင်ပေးတာလေးတွေကိုကျေးဇူးပါဗျာ
    နည်းနည်းစီလေ့ကျင့်ယူရမယ်။

    ReplyDelete
  2. ဟုတ်ကဲ့ပါဗျာ..း)

    ReplyDelete