Monday, November 7, 2011

sharpening Part II ( Photoshop ထဲတွင် sharpen လုပ်ခြင်း)

Photoshop ထဲမှာ sharpen လုပ်တယ်ဆိုတာက focus လုံး၀၀ါးနေတဲ့ပုံကို focus ပြတ်သွားအောင်လုပ်တာမဟုတ်ပါ... focus နဲနဲအောက်တဲ့ပုံ (သို့) ပြတ်ပြီးသားပုံကို... ပိုပြီးပြတ်သွားအောင် လုပ်ပေးခြင်းသာ ဖြစ်ပါတယ်...
ကျွန်တော်အခုလက်ရှိ Post Processing မှာ သုံးတဲ့ sharpen technique 3 မျိုးရှိပါတယ်...

1. Sharpening in RAW
ပထမဆုံးအချက်ကွRAW dialog box ထဲမှာ sharpen လုပ်တဲ့နည်းပါ။... RAW dialog box က RAW format နဲ့ရိုက်ထားတဲ့ပုံတွေကို photoshop ထဲမှာဖွင့်မှ ပေါ်လာတာပါ။ တခြားပုံတွေကိုဖွင့်ရင် မပေါ်ပါဘူး.. ဘေးကပုံကိုကြည့်ပါ.. တတိယမြောက် က button လေး တြိဂံလေး ၀ါးနေတာက ပြတ်သွားတဲ့ပုံလေး ကို နှိပ်ရပါမယ်... အဲဒါနှိပ်ပြီးရင် အောက်မှာ sharpening slider မှာ ဘေးကပါတဲ့ preview ကိုကြည့်ပြီး တင်ပေးရပါမယ်... sharpening က တင်တိုင်းမကောင်းတာဘူး.. ကိုယ်တင်သွားတာလွန်သွားတာနဲ့အမျှ Halo လို့ခေါ်တဲ့ မလိုအပ်တဲ့ အရစ်တွေပေါ်လာမှာ ဖြစ်ပါတယ်... အောက် က Noise Reduction မှာတော့ Luminance silder ကို မိမိတင်လိုက်တဲ့ sharpening amount ပေါ်မူတည်ပြီး လိုက်တင်ပေးရမှာဖြစ်ပါတယ်... luminance ရဲ့ လုပ်ဆောင်ချက်က sharpening တင်လိုက်လို့ ဖြစ်လာတဲ့ မလိုအပ်တဲ့ အစက်တွေအပျောက်တွေကို လိုက်ဖြေပေးတဲ့သဘောပါဘဲ...


့halo ထ နေသည့် ပုံ






2. Unsharp mask filter

unsharp mask filter က photoshop menu bar ထဲက filter>sharpen>Unsharp mask ဖြစ်ပါတယ်.. သူကလည်း sharpen လုပ်တဲ့ filter တစ်ခုပါဘဲ... ဘေးကပုံကိုကြည့်ပါ... amount က sharpen လုပ်တဲ့ amout ကိုပြောတာပါ... radius က ဒီနေရာမှာ ကျွန်တော်ကတော့ ပြင်းအားလို့ပဲမှတ်ပါတယ်... sharpen amount ၂၀ ထားတယ်ဆိုပါတော့ radius 1 က ၂၀ နဲ့ radius 20 က ၂၀ နဲ့မတူပါဘူး... ပိုပြီးပြတ်လာနိုင်ပါတယ်.. ဒါပေမယ့် halo လို့ခေါ်တဲ့ အရစ်တွေထွက်လာမှာပါ... အောက်က threshold ကတော့ raw sharpen ထဲမှာပါတဲ့ luminance နဲ့တူတူပါပဲ... unsharp mask filter မှာ ယေဘူရအားဖြင့် သတ်မှတ်ထားတဲ့အချိုးတွေတော့ရှိတယ်... အဲဒါကျွန်တော်ပြောတာမဟုတ်ဘူး နံမည်ကျော်ဓါတ်ပုံဆရာ scott kelby က ပြောတာပါ...
1. For people: Amount 150%, Radius 1, Threshold 10
2. For cityscapes, urban photography, or travel: Amount 65%, Radius 3, Threshold 2
3. For general everyday use: Amount 85%, Radius 1, Threshold 4
တို့ဖြစ်ပါတယ်...

3. Pro Sharpening
ဒီတစ်ခုကတော့ sharpen လည်းပိုဖြစ်တယ်... halo လည်းမထတဲ့နည်းပါပဲ... တော်ရုံလည်းသိပ်မသုံးကြဘူးထင်ပါတယ်.. လုပ်ပုံလုပ်နည်းကတော့ အောက်ပါအတိုင်းပါ...
(1) Image Menu>Mode> Lab Color ကိုရွေးပါ
(2) ပြီးရင် channel pallette ထဲကိုသွားပြီး lightness တစ်ခုထဲကိုပဲ မျက်လုံးဖွင့်ပါ... (ဘာဖြစ်လို့လဲဆိုတော့ Lab color ရဲ့ channel တွေထဲမှာ Lightness တစ်ခုပဲ ပုံရဲ့ details တွေပါလို့ပါ)
(3) ပြီးရင် unsharp mask filter သုံးပါ... ကိုသုံးတဲ့ amount က နည်းနေမယ်ဆိုရင်လည်း ctrl + f နဲ့ ဒုတိယအကြိမ် ထပ်ဖြည့်လို့ရပါတယ်... ပထမသုံးထားတဲ့ amount အတိုင်း ထပ်ပြီး sharp လုပ်သွားမှာပါ... များသွားရင်လည်း edit> Fade unsharp mask ကိုရွေးပြီး ကိုလျော့ချင်တဲ့ amount ကို ရိုက်ပြီး လျှော့ နိုင်ပါတယ်...
(4) ပြီးရင်တော့ RGB ပြန်ပြောင်းလိုက်ရင် ရပါပြီ ...

ဒီအချက် ၃ ချက် ထဲက ကြိုက်တဲ့တစ်ချက်နဲ့ sharpen ပိုဖြစ်အောင် post process လုပ်လို့ရပါတယ်..

3 comments:

  1. ပညာတွေ လာဖတ်သွားပါတယ်ဗျာ။
    ထပ်ပြီးေ၇းပါအုံး.....

    ReplyDelete
  2. အရမ်းကြိုက်ပါတယ် ။ ကျွန်တော်ဆိုဒ်လေးမှာ ရှဲလ်ပီနော် (း

    ReplyDelete