Monday, November 21, 2011

skin tone tutorial part II (glamour)

, glamour ပုံလေးတစ်ပုံရအောင် skin tone လေးတစ်ခုကိုပြောပြပါမယ့်... သူ့မှာလုပ်ရမှာက အဓိကအဆင့် ၃ ဆင့် ရှိပါတယ်... 1. selection 2. Blending Option 3. Gaussian Blur ရယ် ...
1. ပထမဆုံး ကျွန်တော်တို့ ပြင်မဲ့ ပုံကိုဖွင့်ပြီးရင် လူ့ရဲ့အသားအရေတွေအားလုံးကို select မှတ်ပါ... အဲလို select မှတ်ရာမှာ လူ့မျက်နှာပေါ်မှာပါတဲ့ မျက်စိ၊ မျက်ခုံး ဆံပင် စတာတွေမပါပါစေနဲ့ ကျွန်တော်တို့ select မှတ်ရမှာက skin တစ်ခုတည်းပါ... (selection အသေးစိတ်မှတ်နည်းကို မသိသေးသူများအတွက် နောက်ပိုင်းမှာ tutorial လေး share ပါ့မယ်... ) ပြီးရင် clt + Alt +D (feather) နဲ့ selection ရဲ့အနားကိုဖွားပေးပါ... feather က ကျွန်တော်တို့မှတ်ထားတဲ့ selection ရဲ့ အနားတွေကို တုံးတိကြီးမဖြစ်အောင် ဖွာပေးတာပါ... feather amount များရင် များသလို ဖွာထွက်သွားမှာဖြစ်ပါတယ်... ကျွန်တော်ကတော့ resolution 300 နဲ့ ၄×၆ ပုံဆိုရင် feather amount (0.8 ~ 3.0) လောက်ထိ အဆင်ပြေသလိုသုံးပါတယ်... feather amount က pixel ပေါ်မူတည်ပြီးအလုပ်လုပ်တာ ဖြစ်တဲ့အတွက် မိမိပုံရဲ့ resolution အလိုက် amount အတိုးအလျော့ရှိပါတယ်... များများသုံးကြည့်မှ ဘယ်လောက်ထားရမယ်ဆိုတာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်...း) နောက်တစ်ဆင့်က ရထားတဲ့ selection ကို Save>Save Selection နဲ့ name အကွက်မှာ မိမိကြိုကတဲ့နံမည်နဲ့ selection ကို သိမ်းထားလိုက်ပါ....

2. ပြီးရင် background layer ကို clt + J နဲ့ copy ပွားပါ... copy ပွားထားတဲ့ layer ရဲ့ blending option ကို overlay ပြောင်းထားလိုက်ပါ...

3. ပြီးရင် filter>Blur> Gaussian Blur ကိုရွေးပါ... amount slider ကို ရွေ့ကြည့်ပါ... မိမိလိုချင်တဲ့ skin tone အနေအထားကို ရောက်ရင် 0k ပေါ့...း)

ပြီးရင် နောက်တစ်ဆင့်က ကျွန်တော်တို့ ပြင်ထားတဲ့ ပုံကို saturation လျှော့ပေးရပါဦးမယ်... overlay blending option ကိုသုံးလိုက်တဲ့အတွက် အရောင်ပိုရင့်သွားတာ .. ပိုတောက်သွားတာတွေ ဖြစ်နေမှာပါ... အဲဒီအတွက် ကျွန်တော်တို့ copy ပွားထားတဲ့ layer ကို select မှတ် ပြီးရင် Image>Adjustment>Hue & Saturation (Ctrl + U) ကိုရွေးပါ .. ပြီးရင် saturation slider ကို လျှော့ချလိုက်ပါ... (တကယ်လို့ ကျွန်တော်တို့က ပုံတစ်ပုံလုံးရဲ့ saturation အားလုံးကိုမလျှော့ချင်ဘူးဆိုရင် Edit Drop - down menu မှာ ကိုလျှော့ချင်တဲ့ color ကိုရွေးလိုက်လို့ရပါတယ်)
ပုံရဲ့ color tone ကို ချိန်ယူရာမှာလည်း လိုအပ်ရင် လိုအပ်သလို background layer မှာ ပြုပြင်ရတာတွေလည်းရှိပါတယ် (ဥပမာ .. contrast တင်တာတို့ saturation ချိန်တာတို့ စသည်ဖြင့်ပေါ့) ... နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ ပထမ မှတ်ထားခဲ့တဲ့ selection ကိုပြန်ခေါ်ရမှာပါ... Load>Load Selection ကိုရွေးလိုက်ပါ... ခုဏမိမိသိမ်းထားတဲ့ နံမည်ကို channel အောက်မှာရွေးပြီး ခုဏသိမ်းထားတဲ့ selection ကို ပြန်ခေါ်ပါ.. selection ရလာပြီဆိုရင်.. အပေါ် Layer ကို select မှတ် ပြီးရင် Layer Pallette အောက်ဆုံးတတိယမြောက် button လေးဖြစ်တဲ့ layer mask ကို ရွေးလိုက်ပါ...း) (layer mask အကြောင်း သပ်သပ်ပြောပြပါ့မယ်.. )

ပြင်လိုက်တဲ့ skin tone ကွာချားချက်ကိုသိအောင် clt ကို ဖိ background layer ရဲ့ မျက်လုံးရှေ့မှာ တစ်ချက်နှိပ်ကြည့်ပါ... ပြီးရင် နောက်တစ်ချက်နှိပ်ပါ...း) အောက်ကပုံလေးတွေက အထက်ပါနည်းအတိုင်း skin tone လုပ်ထားတာဖြစ်ပါတယ်...

Friday, November 18, 2011

skin tone tutorial part I

ကျွန်တော်တို့ ဓါတ်ပုံရိုက်ပြီးတဲ့ အခါ photoshop မှာ skin tone retouch လုပ်တဲ့နည်းလေးကို ကျွန်တော် သိသလောက်လေးရေးသွားပါ့မယ်...

1... smoothing with blur.
နံပါတ်တစ်နည်းကတော့ Filter>Blur>Gaussian Blur ကို အသုံးပြုပြီး smoothing လုပ်တဲ့နည်းပါ... ဒီနည်းကတော့ အလွယ်သုံးတဲ့နည်းလို့ပြောရင်ရပါတယ်... လုပ်ရမှာက... skin tone ပြင်မဲ့ပုံကို photoshop ထဲမှာဖွင့် ပြီးရင် clt + J နဲ့ layer ကိုပွားထား.. ပြီးရင် ပွားထားတဲ့အပေါ်က layer ကို select မှတ်.. ပြီးရင် Filter>Blur>Gaussian Blur ကိုသုံး၊ gaussian blur သုံးတဲ့အခါမှာ amount ကိုခပ်နည်းနည်းပဲသုံးပါ... အရမ်းများရင်လည်း မကောင်းဘူး.. နည်းရင်လည်းမကောင်းဘူး.. မိမိဘာသာ ချိန်ယူရမှာဖြစ်ပါတယ်...း) gaussian blur သုံးပြီးရင် ပုံတစ်ပုံလုံးဝါးသွားမှာဖြစ်ပါတယ်.. ကျွန်တော်တို့လုပ်ချင်တာက ပုံဝါးချင်တာမဟုတ်ဘူး အသားအရေလေးတွေကို ချောသွားအောင်လုပ်ချင်တာ.. ဆိုလိုတာက gaussian blur ကိုသုံးလိုက်ချင်းအားဖြင့် လူရဲ့အသားအရေက ချွေးပေါက်တွေ အစက်အပျောက်တွေကို ၀ါးပြစ်ပြီးဖျောက်တဲ့သဘောပါ.. အဲဒီတော့ ကျွန်တော်တို့ ၀ါးပစ်လိုက်ချင်တာက အသားအရေပါပဲ ကျန်တဲ့ မျက်လုံး မျက်ခုံး ဆံပင်စတဲ့ အစိတ်အပိုင်းတွေမပါပါဘူး အဲဒီတော့ ကျွန်တော်တို့ မပါချင်တဲ့အပိုင်းတွေကို layer mask ကို အသုံးပြုပြီး ဖယ်ပြစ်ရပါမယ်... layer mask ကိုအသုံးပြုဖို့ lay pallette ရဲ့အောက်ဆုံးက တတိယမြောက် button ( လေးထောင့်အမဲလေးထဲကအဖြူဝိုင်းလေး) ကိုနှိပ်ပါ.. မိမိ select မှတ်ထားတဲ့ layer ဘေးမှာ အဖြူလေးထောင့်ကွက်လေးပေါ်လာပါလိမ့်မယ်... အဲဒီအခါကျမှ brush tool (shortcut - b ) ကို နှိပ်ပြီးရွေးပါ.. ပြီးလျှင် အမဲရောင်ရွေးပါ.. soft mechanical brush (အနားဖွာတဲ့ brush) ရွေးပါ.. ပြီးရင် အပေါ်မှာရှိတဲ့ tool Option Bar ထဲမှာ opacity ကို ၄၀% လောက်ရွေးပါ... နောက်ဆုံးအဆင်အနေတဲ့ ရွေးထားတဲ့ brush နဲ့ ကိုမ၀ါးချင်တဲ့ ပုံရဲ့ အစိတ်အပိုင်းတွေကိုလိုက်ချယ်လိုက်ပါ....း)

2. smoothing with high pass filter
ဒီနည်းကတော့ အရှေ့ကလိုပဲ ပုံဖွင့် layer ပွား ပြီးရင် Filter>Other>High Pass filter ကိုရွေးရပါမယ်... high pass filter ရဲ့ radius amount ကိုတော့ ကျွန်တော်က 1.8 ကနေပြီး 4.0 လောက်ထိ သုံးပါတယ်... အဲဒီ amount ကတော့ မိမိပုံတဲ့အဆင်ပြေသလိုသုံးရမှာပါပဲ... ပြီးရင် ok နှိပ်ပါ... နောက်တစ်ဆင့်က clt + I သို့ Image>Adjustments>Invert ကိုရွေးပေးရပါမယ်... ပြီးရင် layer blending option ထဲမှာ overlay ကိုရွေးပေးရပါမယ်...း) သူကလည်းပြောရရင်ပုံကိုဝါးနည်းတစ်မျိုးပါပဲ.. တကယ်လို့သာ high pass သုံးပြီး clt+I မနှိပ်ခဲ့ဘူးဆိုရင်တော့ မ၀ါးပဲ sharp ပိုဖြစ်ပြီ skin tone ပိုပြီးကြမ်းသွားမှာဖြစ်ပါတယ်... (၀က်ခြံတွေဘာတွေပိုပေါ်ချင်တဲ့အခါမျိုးမှာသုံးပေါ့)း) ... နောက်ဆုံးအဆင့်ကတော့ အပေါ်ကလိုပဲ မလိုချင်တဲ့အပိုင်းတွေကို layer mask အသုံးပြုပြီး ဖျက်ထုတ်ပြစ်ရမှာဖြစ်ပါတယ်..

3. Smoothing with ready make filter
ဒါကတော့ အလွယ့်တကာ့ အလွယ်ဆုံးနည်းပါပဲ... online မှာရှာကြည့်လိုက်ပါ... Noiseware Professional သို့ Noiseware Ninja သို့ .... စတဲ့skin tone ready make plug in တွေဒေါင်းပြီးသုံးတဲ့နည်းပါ...း) အောက်မှာ noiseware ရဲ့ plug in ဒေါင်းလုပ်လင့်ပါ..
download link of Noiseware plug in http://www.mediafire.com/?7jkb2vr7zmm
နောက်ပိုင်းမှာ skin tone နဲ့ပါတ်သက်တဲ့ တခြား tutorial လေးတွေလည်း တင်ပေးသွားပါမယ်...း)

Monday, November 7, 2011

sharpening Part II ( Photoshop ထဲတွင် sharpen လုပ်ခြင်း)

Photoshop ထဲမှာ sharpen လုပ်တယ်ဆိုတာက focus လုံး၀၀ါးနေတဲ့ပုံကို focus ပြတ်သွားအောင်လုပ်တာမဟုတ်ပါ... focus နဲနဲအောက်တဲ့ပုံ (သို့) ပြတ်ပြီးသားပုံကို... ပိုပြီးပြတ်သွားအောင် လုပ်ပေးခြင်းသာ ဖြစ်ပါတယ်...
ကျွန်တော်အခုလက်ရှိ Post Processing မှာ သုံးတဲ့ sharpen technique 3 မျိုးရှိပါတယ်...

1. Sharpening in RAW
ပထမဆုံးအချက်ကွRAW dialog box ထဲမှာ sharpen လုပ်တဲ့နည်းပါ။... RAW dialog box က RAW format နဲ့ရိုက်ထားတဲ့ပုံတွေကို photoshop ထဲမှာဖွင့်မှ ပေါ်လာတာပါ။ တခြားပုံတွေကိုဖွင့်ရင် မပေါ်ပါဘူး.. ဘေးကပုံကိုကြည့်ပါ.. တတိယမြောက် က button လေး တြိဂံလေး ၀ါးနေတာက ပြတ်သွားတဲ့ပုံလေး ကို နှိပ်ရပါမယ်... အဲဒါနှိပ်ပြီးရင် အောက်မှာ sharpening slider မှာ ဘေးကပါတဲ့ preview ကိုကြည့်ပြီး တင်ပေးရပါမယ်... sharpening က တင်တိုင်းမကောင်းတာဘူး.. ကိုယ်တင်သွားတာလွန်သွားတာနဲ့အမျှ Halo လို့ခေါ်တဲ့ မလိုအပ်တဲ့ အရစ်တွေပေါ်လာမှာ ဖြစ်ပါတယ်... အောက် က Noise Reduction မှာတော့ Luminance silder ကို မိမိတင်လိုက်တဲ့ sharpening amount ပေါ်မူတည်ပြီး လိုက်တင်ပေးရမှာဖြစ်ပါတယ်... luminance ရဲ့ လုပ်ဆောင်ချက်က sharpening တင်လိုက်လို့ ဖြစ်လာတဲ့ မလိုအပ်တဲ့ အစက်တွေအပျောက်တွေကို လိုက်ဖြေပေးတဲ့သဘောပါဘဲ...


့halo ထ နေသည့် ပုံ






2. Unsharp mask filter

unsharp mask filter က photoshop menu bar ထဲက filter>sharpen>Unsharp mask ဖြစ်ပါတယ်.. သူကလည်း sharpen လုပ်တဲ့ filter တစ်ခုပါဘဲ... ဘေးကပုံကိုကြည့်ပါ... amount က sharpen လုပ်တဲ့ amout ကိုပြောတာပါ... radius က ဒီနေရာမှာ ကျွန်တော်ကတော့ ပြင်းအားလို့ပဲမှတ်ပါတယ်... sharpen amount ၂၀ ထားတယ်ဆိုပါတော့ radius 1 က ၂၀ နဲ့ radius 20 က ၂၀ နဲ့မတူပါဘူး... ပိုပြီးပြတ်လာနိုင်ပါတယ်.. ဒါပေမယ့် halo လို့ခေါ်တဲ့ အရစ်တွေထွက်လာမှာပါ... အောက်က threshold ကတော့ raw sharpen ထဲမှာပါတဲ့ luminance နဲ့တူတူပါပဲ... unsharp mask filter မှာ ယေဘူရအားဖြင့် သတ်မှတ်ထားတဲ့အချိုးတွေတော့ရှိတယ်... အဲဒါကျွန်တော်ပြောတာမဟုတ်ဘူး နံမည်ကျော်ဓါတ်ပုံဆရာ scott kelby က ပြောတာပါ...
1. For people: Amount 150%, Radius 1, Threshold 10
2. For cityscapes, urban photography, or travel: Amount 65%, Radius 3, Threshold 2
3. For general everyday use: Amount 85%, Radius 1, Threshold 4
တို့ဖြစ်ပါတယ်...

3. Pro Sharpening
ဒီတစ်ခုကတော့ sharpen လည်းပိုဖြစ်တယ်... halo လည်းမထတဲ့နည်းပါပဲ... တော်ရုံလည်းသိပ်မသုံးကြဘူးထင်ပါတယ်.. လုပ်ပုံလုပ်နည်းကတော့ အောက်ပါအတိုင်းပါ...
(1) Image Menu>Mode> Lab Color ကိုရွေးပါ
(2) ပြီးရင် channel pallette ထဲကိုသွားပြီး lightness တစ်ခုထဲကိုပဲ မျက်လုံးဖွင့်ပါ... (ဘာဖြစ်လို့လဲဆိုတော့ Lab color ရဲ့ channel တွေထဲမှာ Lightness တစ်ခုပဲ ပုံရဲ့ details တွေပါလို့ပါ)
(3) ပြီးရင် unsharp mask filter သုံးပါ... ကိုသုံးတဲ့ amount က နည်းနေမယ်ဆိုရင်လည်း ctrl + f နဲ့ ဒုတိယအကြိမ် ထပ်ဖြည့်လို့ရပါတယ်... ပထမသုံးထားတဲ့ amount အတိုင်း ထပ်ပြီး sharp လုပ်သွားမှာပါ... များသွားရင်လည်း edit> Fade unsharp mask ကိုရွေးပြီး ကိုလျော့ချင်တဲ့ amount ကို ရိုက်ပြီး လျှော့ နိုင်ပါတယ်...
(4) ပြီးရင်တော့ RGB ပြန်ပြောင်းလိုက်ရင် ရပါပြီ ...

ဒီအချက် ၃ ချက် ထဲက ကြိုက်တဲ့တစ်ချက်နဲ့ sharpen ပိုဖြစ်အောင် post process လုပ်လို့ရပါတယ်..

Tuesday, November 1, 2011

Sharpen ပို ဖြစ်စေသော equipment များနှင့် အခြားအချက်အများ

ကျွန်တော်တို့ဓါတ်ပုံ ဆိုတာ တခြားဟာတွေနဲ့မတူဘူး... ကိရိယာတန်ဆာပလာတော်တော်လိုပါတယ်... ဥပမာ.. လက်ဝှေ့ချန်ပီယံ မိုက်တိုက်ဆန်ကို လက်အိတ်အပေါစားနဲ့ထိုးခိုင်းလည်း ဒီလက်သီးက ပြင်းတာကပြင်းတာပဲ.. ဒါပေမယ့် pro ဓါတ်ပုံဆရာတွေကို point and shoot ကင်မရာလေးတွေသွားပေးပြီး.. တကယ်ကောင်းတဲ့ ဓါတ်ပုံဖြစ်အောင် ရိုက်ခိုင်းလို့တော့မရဘူး.... ဆိုလိုတာက pro ဓါတ်ပုံဆရာတွေက point and shoot ကင်မရာတွေပေးနိုင်တဲ့ စွမ်းဆောင်ရည်ကို သူ့အရည်အချင်းနဲ့ပေါင်းစပ်ပြီး အကောင်းဆုံးဓါတ်ပုံဖြစ်လာအောင်ရိုက်နိုင်ပင်မယ့်... Professional Camera တွေနဲ့ သူကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေလောက်တော့ ကောင်းမှာမဟုတ်ဘူး...း) ဒါကြောင့် accessories တွေလိုတယ်.. အဲတော့က ကျွန်တော်တို့ ဓါတ်ပုံပြတ်သားမှုကောင်းအောင် လုပ်ပေးနိုင်တဲ့ accessories တွေအကြောင်းပြောကြမယ်..

1. Tripod (သုံးချောင်းထောက်)

ကျွန်တော်တို့ ဓါတ်ပုံရိုက်ဖို့လုပ်လေးကိုနှိပ်လိုက်တဲ့အခါ ဖိလိုက်ရတဲ့အတွက် ကင်မရာလှုပ်သွားပါတယ်... ပုံတွေ မပြတ်သားတော့ဘူးပေါ့နော်..... ဒါကြောင့် ကျွန်တော်တို့ shutter speed 1/40 ကစပြီး 1/30, 1/15, 1 sec (မှ long exposure shot ထိ) စတာတွေနဲ့ဓါတ်ပုံရိုက်တဲ့အခါ ကိုယ့်လက်ကိုကိုယ် အားကိုးဖို့ခက်လာပြီ... tripod ကိုသုံးရပါမယ်.. 1/40 လောက်က wide lens နဲ့ရိုက်မယ်ဆိုရင် tripod မသုံးပဲရိုက်နိုင်ပါသေးတယ်.. tele ဆိုရင်တော့ အင်မတန်လက်ငြိမ်မှပါ .... နိဂုန်းချုပ်ရင် 1/40 ထက်မြင့်တဲ့ shutter speed ဆိုရင် tripod မသုံးလဲရတယ်၊ 1/40 အောက်ရောက်ရင်တော့ tripod သုံးသင့်တယ်လို့မြင်ပါတယ်...

2. Cable Release နှင့် Remote
Cable Release ကိုသုံးခြင်းအားဖြင့် Camera ပေါ်မှ shutter release ကိုနှိပ်စရာမလိုတဲ့အတွက် ပြတ်သားမှုကို ပိုရမှာပါ... Cable Release က ဘေးပုံအတိုင်း တစ်ဖက်က ကင်မရာမှာတပ် တစ်ဖက်ကခုလုပ်နှိပ် ဒါပါပဲ။ Remote ကတော့ ကင်မရာမှာ remote mode ပြောင်း ခလုပ်နှိပ်ရုံပဲ ။ တကယ်လို့ ကိုယ်က cable release မ၀ယ်ဖြစ်သေးဘူးဆိုရင် ကင်မရာမှာပါတဲ့ self-timer ကို အသုံးပြုဖို့ ကျွန်တော်တိုက်တွန်းပါတယ်.. (လူပုံတွေရိုက်မယ်ဆိုရင်တော့ Cable Release တို့ self-timer တို့က သိပ်မလိုအပ်ပါဘူး)

3. Mirror Lock Up
ရှုခင်းပုံ (landscape) တွေရိုက်မဲ့အခါ.. ပုံက super sharp ဖြစ်နေမှကောင်းမှာပါ... အဲဒီတော့ Super Sharp ပိုဖြစ်စေမဲ့ နောက်တနည်းကတော့ Mirror Lock Up ပါ။ ကျွန်တော်တို့ SLR Camera(Single Len Reflex) တွေမှာ lens က၀င်လာတဲ့ ပုံတွေကို ချောင်းကြည့်ပေါက် (View Finder) ဆီရောက်ဖို့အတွက် ကြားထဲမှာ မှန်လေးတစ်ချပ်ခံထားပါတယ် (ဘေးက ၀ိုင်းပြထားတဲ့မှန်ချပ်လေးပါ... အဲဒီမှန်ရဲ့နောက်မှာမှ Shutter ရှိတာပါ.. Shutter ရဲ့နောက်မှာမှ Image Sensor ပေါ့ ... အဲဒီ မှန်ချပ်လေးက Shutter ခလုပ်မဖိချိန်အထိ Shutter ရဲ့ရှေ့မှာပါ.. Shutter ခလုပ်ဖိလိုက်တော့မှ မှန်ချပ်လေးက အပေါ်တက်ကပ်တာပါ... ဥပမာ .. ကျွန်တော်တို့ 3 secs shutter speed နဲ့ဓါတ်ပုံရိုက်ပြီဆိုကြပါစို့... အဲဒီ 3 secs အတွင်း ချောင်းကြည့်ပေါက် (view finder) ကိုကြည့်ကြည့်ပါ အမဲကြီးပဲမြင်ရမှာဖြစ်ပါတယ်... ဘာလို့လဲဆိုတော့ viewfinder ဆီအလင်းတွေရောက်အောင် ပို့ပေးတဲ့ ခုန မှန်ချပ်လေးက အပေါ်တက်ကပ်သွားတော့ အလင်းမပြန်နိုင်တော့တာကြောင့်ပါ.... အဲဒီတော့ fully sharp ပုံတွေလိုချင်တဲ့သူတွေကျတော့ အဲဒီမှန်လေး အပေါ်တက်ကပ်လို့ဖြစ်သွားတဲ့ တုန်ခါမှုလေးကြောင့် sharp ဖြစ်မှုလျော့ကျသွားတာကို မလိုချင်ကြပါဘူး... အဲဒီတော့ကျွန်တော်တို့ လုပ်ရမှာက ကင်မရာ Menu တွေထဲမှာပါတဲ့ Mirror Lock - Up Mode (DSLR ကင်မရာအများစုမှာ Mirror Lock Up Mode ပါပါတယ်) ကို on ပြီးရင် လိုချင်တဲ့ exposure ကိုချိန် Remote ဒါမှမဟုတ် Cable Release မှာတစ်ချက်နှိပ် (ဓါတ်ပုံစမရိုက်သေးပါဘူး... ခုနှိပ်တဲ့တစ်ချက်က မှန်ချပ်လေးကို အပေါ်ကိုတက်ကပ်နှင့်အောင်လုပ်တဲ့သဘောပါ) ပြီးရင် Remote ဒါမှမဟုတ် Cable Release မှာပဲ နောက်တစ်ချက်နှိပ် (ဒီတစ်ချက်ကျမှ shutter ပွင့်လာပြီး ဓါတ်ပုံစရိုက်မှာပါ).. ဒါပါပဲ..

4. Nikon ၏ VR နှင့် Canon ၏ IS
ပြတ်သားမှုကို ပိုမိုကောင်းမွန်စေတဲ့နောက်တစ်ချက်ကတော့ Nikon မှာ VR (Vibration Reduce) နဲ့ Canon မှာ IS (Image Stabalization) ပါတဲ့ lens များကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်.. ကျွန်တော်တို့ tripod မရှိဘူး လက်နဲ့ကိုင်ရိုက်ရမယ့်အနေအထားမျိုးမှာဆိုရင် တုန်ခါမှုကို လျော့ချပေးသည့်စနစ်ပါဝင်တဲ့ VR တို့ IS တို့လန်းတွေက လိုအပ်ပါတယ်... ဒါပေမယ့် tripod နဲ့ရိုက်တဲ့အခါမျိုးများတော့ VR တို့ IS တို့ကို ပိတ်ရိုက်တာအကောင်းဆုံးပါပဲ... လိုမှပဲသုံးပါ..


5. ISO ကို အတတ်နိုင်ဆုံးမတင်ပါနဲ့
ကျွန်တော်တို့အလင်းနည်းတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်တဲ့အခါ.. လိုအပ်တဲ့ Exposure ရဖို့ ISO ကိုတင်ရပါတယ်.. ISO တင်လိုက်တာနဲ့အမျှ Image Sharpen ကလည်းလျှော့သွားမှာဖြစ်ပါတယ်...း)


6. Checking

ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာ LCD screen မှာ zoom ချဲ့ပြီးကြည့်ဖို့မမေ့ပါနဲ့... ကျွန်တော့်အတွေ့အကြုံအရ LCD မှာပေါ်တဲ့ပုံတွေမှာ sharp ဖြစ်တယ်ဆိုပြီး အိမ်ပြန်လာတယ်... အိပ်ရောက်တော့ မဖြစ်ဘူး... အဲဒါမျိုးတွေရှောင်ဖို့ LCD မှာ zoom ချဲ့ပြီးပြန်ကြည့်ဖို့ အကြံပြုချင်ပါတယ်..

Ref: Scott Kelby (Digital Photography) & my experiences :)

ဒါတွေကတော့ ကင်မရာနဲ့ပါတ်သက်တဲ့ sharpen ဖြစ်စေမဲ့အရာတွေပါ... post processing အပိုင်းက sharpen tool တွေအကြောင်း နောက် post တွေမှာရေးသွားပါမယ်...