JPEG အကြောင်းကိုအရင်ကြည့်ရအောင်... JPEG ရဲ့ အရှည်ကောက်က Joint Photographic Expert Group ဖြစ်ပါတယ်.... JPEG format ကို တည်တွင်ခဲ့ကြတဲ့ အဖွဲ့နံမည်ပါ.. အချို့က JPG လို့လည်းပြောကြပါတယ်.. အတူတူပါပဲ... JPEG format က တနည်းအားဖြင့်ပြောရင် ပုံရဲ့ quality ကို ချုံ့တဲ့ format တစ်မျိုးပါပဲ... ပုံ quality ချုံ့လိုက်တာနဲ့အမျှ ပုံရဲ့ storage size လည်း ကျုံ့သွားမှာဖြစ်ပါတယ်... JPEG format ကိုပြောင်းလိုက်တာနဲ့ (JPEG ရဲ့အမြင့်ဆုံးquality ဆိုရင်တောင်) 10:1 လောက်တော့ quality ကျသွားမှာဖြစ်ပါတယ်


RAW အကြောင်းကတော့ ... ရှင်းရှင်းပါပဲ... သူက မိမိ Camera ရဲ့ အမြင့်ဆုံး Quality နဲ့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်.... ပုံရဲ့ Detail အားဖြင့်လည်းကောင်း sharpen အားဖြင့် လည်းကောင်း ကောင်းမွန်ပါတယ်... ကျွန်တော် ကင်မရာကိုင်ခါကစ RAW အကြောင်းတော်တော်နဲ့မသိပါဘူး အသိတစ်ယောက်ရဲ့ကျေးဇူးကြောင့် သိခဲ့ရပါတယ်... တော်တော် အသုံးဝင်တဲ့ format ပါ... Photoshop နဲ့ Post processing လုပ်ရာမှာလည်း RAW Dialog Box ထဲတွင် Exposure value ကအစ Highlight Detail ထိ ပြန်ချိန်ယူလို့ရနိုင်ပါတယ်.... ကျွန်တော့်အနေနဲ့ ပြောရရင် RAW နဲ့သာ ရိုက်စေလိုပါတယ်... နောက် post တွေမှာလည်း RAW format ကို edit လုပ်ပုံကို ပြောပါဦးမယ်...း) (P.S : JPEG format ရဲ့ Extension က .jpeg, jpg ၊ RAW format ရဲ့ Extension က Nikon မှာဆိုရင် .NEF , Canon မှာဆိုရင် .CRW အသီးသီးဖြစ်ပါတယ်... )
No comments:
Post a Comment