Monday, December 12, 2011

Bokeh & Customize Bokeh


Bokeh (ဘူကိတ်၊ တချို့တွေ့က ဘူက စသည်ဖြင့်အမျိုမျိုးခေါ်ပါတယ်)ဆိုတာဘာလဲ..? Bokeh ဆိုတာက အလင်းထွက်တဲ့အရာတွေ ဥပမာ led မီးလုံးတွေ စသည်ဖြင့်ပေါ့ အဲဒါလေးတွေ focus အောက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ မီးဝိုင်းလေးတွေကိုခေါ်တာ... Bokeh ဆိုတဲ့စကားလုံးက ဂျပန်ဘာသာက ဆင်းသက်လာတာလို့ပြောကြပါတယ်... English dictionary မှာရှာကြည့်မရှိဘူး... ထားလိုက်ပါတော့ဗျာ...
အဲဒီ bokeh လေးတွေက သာမန် lens နဲ့ဆိုရင်တော့ အ၀ိုင်းလေးပေါ့နော်....ဘေးကပုံရဲ့ ဗျိုင်းနောက်က အ၀ိုင်းစက်လေးတွေပေါ့... တကယ်လို့ ကျွန်တော်တို့ mirror lens တွေသုံးမယ်ဆိုရင်တော့ ဘေးကပုံအတိုင်း အ၀ိုင်းကွင်းလေးတွေဖြစ်သွားမှာပေါ့နော်...
အဲလို bokeh လေးတွေဖြစ်ဖို့က လွယ်ပါတယ်... 200mm tele lens နဲ့ရိုက်မယ်ဆိုရင် aperture က 6.0 ကနေစပြီ အောက်ကနံပါတ်တွေ ကြိုက်တဲ့နံပါတ်နဲ့ ရိုက် ဒါဆိုရင် အိုကေပြီ.. တကယ်လို့ tele lens မဟုတ်ပဲ normal lens 50mm လောက်နဲ့ ရိုက်မယ်ဆိုတော့ aperture 1.2 / 1.6 ၀န်းကျင်လောက်မှပဲအဆင်ပြေမယ်.. ရိုက်ပုံရိုက်နည်းကတော့ bokeh လုပ်ပစ်မဲ့ light source ကို မိမိရိုက်မဲ့ subject ရဲ့ဝေးဝေးမှာထား... သူကဝေးလေလေ bokeh အဖြစ်ထွက်လာမဲ့အ၀ိုင်းတွေက ကြီးလေလေပေါ့ (တနည်းအားဖြင့် ၀ါးလေ ကြီးလေ) .. ဒါတွေက ရိုးရိုး lens မှာပါတဲ့ bokeh တွေအကြောင်းပေါ့..

အခုကျွန်တော်တို့ customize bokeh တွေကိုလုပ်ကြည့်မယ်... အောက်ကပုံလေးတွေကိုကြည့်ပါ.


အဲဒီ bokeh လေးတွေကျ တော့ customize လုပ်ထားထားတာပါ... ဘယ်လိုလုပ်လည်းဆိုတော့ အောက်ကပုံကို ကြည့်လိုက်ပါဦး...
အနီရောင်လေးနဲ့ကွင်းခတ်ပြထားတဲ့ဟာလေးက filter mount ပေါ့... ဘေးကအပြားလေးတွေကတော့ customize လုပ်မဲ့ bokeh လေးတွေပေါ့... ခုဏ filter mount လေးကို အောက်မှာပြထားတဲ့ အတိုင်း မိမိရိုက်မဲ့ lens မှာတပ် ပြီးရင် အဲဒီပေါ်မှာ bokeh filter လေးတွေ တင်ပြီး ရိုက်လိုက်ရင်ရပါပြီ...
အဲ.. တစ်ခုရှိတာက အမဲတွေများတဲ့ Bokeh filter အပေါ်ကဟာမျိုးနဲ့ဆိုရင် မှန်ဘီလူးထဲကိုအလင်းဝင်သွား နဲသွားတဲ့အတွက် exposure ကိုတင်ရိုက်ရပါမယ်... အကောင်းဆုံကတော့ bokeh ပုံတွေဆိုရင် aperture Priority Mode နဲ့ရိုက်ရင် safe ဖြစ်တာပေါ့နော်... အောက်ကပုံလေးကိုကြည့်ပါဦးနော်...

ဒီပုံလေးကအပေါ်က i ♥ u အရုပ်လေးတွေကို ကျွန်တော်ရိုက်တဲ့ပုံလေးပါ.. ကျွန်တော့် စတူဒီယိုက ၁၇ ပေ လောက်အကျယ်ရှိတယ်.. အခန်းရဲ့နောက်ဆုံးမှာ ဘုရားမီးထွန်းတဲ့ မှိတ်တုတ်မှိတ်တုတ်ရောင်စုံ မီးလေးတွေကို stand နဲ့ဆွဲထားတယ်.. အဲဒီမီးတွဲနဲ့ 9 ပေလောက်အကွာမှာ ရိုက်မဲ့ အရုပ်လေးတွေကိုထားတယ် .... အခန်း ရဲ့တခြားဖက်အစွန်းမှာ Camera ထားပြီးရိုက်ထားပါတယ်. lens က 200 mm ... exposure f/4.5 , shutter က 0.3 sec ပါ... ..း) တကယ်လို့ အပေါ်ကလိုမျိုး bokeh filter လေးတွေမ၀ယ်ရသေးရင် အောက်ကပုံအတိုင်း မိမိဘာသာ customize လုပ်လို့ရတယ်နော်...း)